ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင်ဟောင်း ကာကာဟာ ရီးရဲလ်မတ်ဒရစ် ကွင်းလယ်ကစားသမား မိုဒရစ်နဲ့ PSG ကစားသမား အမ်ဘတ်ပီ တို့ဟာ ယခုနှစ် Ballon d’Or ဆုအတွက် ရေပန်းစားတယ်လို့ ပြောကြားခဲ့ပါတယ်။
အေစီမီလန် ကစားသမားဟောင်း ကာကာဟာ ယခုလက်ရှိ ခောတ်ပြိုင် ကစားသမားနှစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့မတိုင်ခင် ၂၀၀၇ ခုနှစ်မှာ Ballon d’Or ဆုကို နောက်ဆုံး ရရှိခဲ့တဲ့ ကစားသမား တစ်ယောက် ဖြစ်ပါတယ်။
ကာကာက ပြောကြားခဲ့ရာမှာတော့"မိုဒရစ်ဟာ အထင်ကြီးစရာကောင်းတဲ့ ရလဒ်တစ်ခုကို ရရှိထားပြီဖြစ်ပါတယ်။ချန်ပီယံလိဂ် ဖလားရခဲ့တယ်။ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲစဉ်ကို ကစားခဲ့တယ်"
"သူဟာ ကစားပွဲ တစ်ခုကို စိတ်ကြိုက် ချယ်လှယ်ပြီး ညွှန်ကြားနိုင်တဲ့သူပါ"
အမ်ဘတ်ပီနဲ့ ပတ်သက်ပြီး"အမ်ဘတ်ပီဟာ အရမ်း သန်မာတယ်။သူရှေ့မှာ ကစားသမားဘဝ တစ်ခုလုံး စောင့်ကြိုနေတယ်။သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင် ဖန်တီးပါစေ"
တာရာ
No comments:
Post a Comment