အောင်လအန်ဆန်ရုပ်ထု တည်ဆောက်မည့် ပုံစံငယ် (ဓာတ်ပုံ − Kachin News Group)
MMA ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ကို ဂုဏ်ပြုခြင်းအဖြစ် ကချင် ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြေးရုပ်တုစိုက်ထူရန် စီစဉ်နေ ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇေလွန်းက ပြောသည်။
အောင်လအန်ဆန်သည် နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ MMA ကစားသမားဖြစ်၍ ဂုဏ်ပြု ခြင်းနှင့်ကချင်ပြည်နယ်ရှိ လူငယ် များအတုယူကြိုးစားလာရန် ရည် ရွယ်ကြောင်း ဦးဇေလွန်းကဆို သည်။
‘‘ဒီလိုမျိုး ကိုယ့်နိုင်ငံသား တစ်ယောက်အနေနဲ့ ကမ္ဘာ့ချန်ပီ ယံဖြစ်တာဆိုတာ အရင်ကမရှိခဲ့ ဖူးပါဘူး။ အောင်လကတော့ ချန် ပီယံခါးပတ်နှစ်ခုရအောင်အထိ စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါ ကြောင့် လူငယ်တွေသူ့လိုမျိုး ထူး ချွန်ချင်တဲ့စိတ်နဲ့ ကြိုးစားလာ အောင်လို့ ရုပ်တုလုပ်ဖို့စီစဉ်ဖြစ် တာပါ။ ဒါ့အပြင် အောင်လလို မျိုး ဘယ်နေရာရောက်ရောက် ကိုယ့်နိုင်ငံအပေါ် ချစ်တဲ့စိတ် လည်း ဖြစ်စေချင်ပါတယ်’’ ဟု ၎င်းကဆိုသည်။
မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်အနီး ထားရှိ ရန်စီစဉ်သော ကြေးရုပ်တုကို မန္တလေးနှင့် မြစ်ကြီးနားရှိ ပန်းပုထုလုပ်သူနှစ်ဖွဲ့ပူးပေါင်း၍ စက်တင်ဘာကစတင်ကာ နှစ်လအတွင်း အပြီးထုလုပ်မည်ဖြစ်ပြီး ကုန်ကျစရိတ် ကျပ်သိန်း ၁၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ ရုပ်တုကို အောင်လအန်ဆန်၏ ချန်ပီယံခါးပတ် ကိုင်ဆောင်ထားသည့်ပုံစံဖြင့် အမြင့် ၆ ပေနှင့် ၉ ပေကြားထုလုပ်ရန်လျာ ထားပြီး ဖွင့်ပွဲ၌ အောင်လအန်ဆန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ရန် ဖိတ်ကြားမည်ဖြစ် ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌကပြောသည်။
‘‘ဂုဏ်ပြုရုပ်တု လုပ်ဖို့အ တွက် အောင်လရဲ့ဦးလေးနဲ့အဖေ ကို အကြောင်းကြားပြီးပါပြီ။ ရုပ် တုဖွင့်ပွဲမှာတော့ အောင်လကိုယ် တိုင် တက်ရောက်ပေးဖို့ဖိတ်ကြား သွားပါမယ်’’ ဟု ဦးဇေလွန်းက ပြောသည်။
MMA မစ်ဒယ်ဝိတ်တန်းနှင့်လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ရှင်အောင်လအန်ဆန်သည် လာမည့်အောက်တိုဘာအတွင်း ရန်ကုန်မြို့သို့ ချန်ပီယံကာကွယ် ပွဲထိုးသတ်ရန် လာရောက်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် MMA (One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် ဖြစ်သည်။ (၃၃)နှစ်အရွယ်အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၃ ပွဲယှဉ်ပြိုင်ပြီး ၂၃ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထားသည်။
ထိုသို့ရုပ်တုတည်ဆောက် ရေးနှင့်ပတ်သက်၍ ကချင်ငြိမ်း ချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ‘‘ကျွန်မ အမြင်အရဆိုရင်တော့ အောင်လရုပ်တု တည်ဆောက် မယ့်အစား သူ့ကိုဂုဏ်ပြုတဲ့အနေ နဲ့ ကချင်ပြည်နယ်က လိုအပ်တဲ့ နေရာ၊ အကျိုးရှိတဲ့နေရာတစ်ခုခု မှာ အသုံးပြုစေချင်ပါတယ်’’ ဟု ၎င်းအမြင်ကို ပြောသည်။
‘‘အောင်လလို ကချင်ပြည် နယ်နဲ့ နိုင်ငံ့ဂုဏ်ဆောင်ကစား သမားတစ်ယောက်ကို ဒီလိုဂုဏ် ပြုမယ်သိရတော့ ၀မ်းသာပါ တယ်။ အောင်လအမြဲတမ်းပြော သလိုမျိုး လူတိုင်းကကြိုးစားရင် တစ်ချိန်မှာ သူ့လိုအောင်မြင်လာ နိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဆီက လူငယ်တွေအတုယူကြိုး စားဖို့ လိုပါတယ်’’ ဟု မြစ်ကြီးနား မြို့ခံလူငယ်တစ်ဦးက ဆိုသည်။
No comments:
Post a Comment