Breaking

Monday, August 20, 2018

ရော်နယ်ဒို၊ မိုဒရစ်နှင့် ဆာလက် ဥရောပအကောင်းဆုံးကစားသမားဆု လျာထားခံရ



 ဥရောပ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာ ရင်းတွင် ရော်နယ်ဒို၊ လူကာမို ဒရစ်နှင့် မိုဟာမက်ဆာလက်တို့  ရွေးချယ်ခံရကြောင်း ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ပြောကြားသည်။
ရော်နယ်ဒိုသည် ရီးရဲလ်အ သင်း သုံးကြိမ်ဆက်တိုက်ချန်ပီယံ လိဂ်ဖလားရအောင် ကူညီခဲ့ပြီး ၁၅ ဂိုးသွင်းယူကာ ဂိုးအများဆုံး သွင်းသူလည်းဖြစ်သည်။
ဥရောပ    အကောင်းဆုံး ကစားသမားဆု သုံးကြိမ်ရရှိထား သူ ရော်နယ်ဒိုသည် ၂၀၁၁ တွင် UEFA က ယင်းဆုကို စတင်ခဲ့ပြီး နောက်ပိုင်း ဆန်ခါတင်စာရင်း၌  နှစ်စဉ်ပါဝင်သည့် တစ်ဦးတည်း သော ကစားသမားဖြစ်သည်။
ရီးရဲလ်၏    ချန်ပီယံလိဂ် အောင်ပွဲရ အသင်းတွင် ရော်နယ် ဒိုနှင့်အတူ ပါဝင်ခဲ့သော မိုဒရစ် သည် ကမ္ဘာ့ဖလား၌ ခရိုအေးရှား နှင့်အတူ ဒုတိယရခဲ့ပြီး ရုရှား ကမ္ဘာ့ဖလား၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံ ရသည်။
 ပြီးခဲ့သည့် ရာသီက လီဗာ ပူးအတွက် ၄၄ ဂိုးသွင်းယူခဲ့သူ ဆာလက်သည် လီဗာပူးအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက်အောင် ကူညီပေးခဲ့သည်။
ဥရောပအကောင်းဆုံး ကစားသမားဆုရရှိသူကို ယခုနှစ် ချန်ပီယံလိဂ်အုပ်စုတွဲဆိုင်းများ မဲနှိုက်ချိန် သြဂုတ် ၃၀ ရက်တွင် ကြေညာ မည်ဖြစ်သည်။
UEFA  အကောင်းဆုံးကစား သမားစာရင်းတွင် ဂရစ်ဇ်မန်းက နံပါတ် (၄)၊ ယင်းဆုနှစ်ကြိမ်ရခဲ့ သူ   မက်ဆီက နံပါတ် (၅)၊ ပီ အက်စ်ဂျီမှ ဆယ်ကျော်သက်က စားသမား မက်ဘီက နံပါတ် (၆)၊ မန်စီးတီးမှ ဒီဘရိုင်က နံပါတ် (၇)၊ ရီးရဲလ်မှ ဗာရာနီက နံပါတ် (၈)၊ ချယ်လ်ဆီးမှ ဟာဇက်က နံပါတ် (၉) နှင့် ရီးရဲလ်မှ ရာမို့စ်က နံပါတ် (၁၀)ဖြင့် အသီးသီးရပ် တည်နေသည်။



No comments:

Post a Comment

မန်ဘာဝင်ထားခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း ဖတ်ရှုရပါမည်။