Breaking

Sunday, August 19, 2018

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီးဂိုချောက်တောင်နှင့် ယနေ့တွေ့ဆုံမည်



 နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီးဂိုချောက်တောင်ကို လီကွမ်ယုပြည်သူ့ရေးရာ မူဝါဒကျောင်း၌ ယနေ့(သြဂုတ် ၂၀ ရက်) တွင်တွေ့ဆုံမည်ဖြစ်ကြောင်း The Straits Times သတင်းဌာနက ဖော်ပြသည်။
စင်ကာပူဝန်ကြီးချုပ် လီရှန် လွန်း၏ဖိတ်ကြားချက်အရ လေး ရက်ကြာ အလုပ်သဘောချစ် ကြည်ရေးခရီးစဉ်ကို ယမန်နေ့ တွင် စတင်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခရီးစဉ် အတွင်း စင်ကာပူသမ္မတဟာလီ မာယာကော့ဘ်၊ ၀န်ကြီးချုပ် လီ ရှန်လွန်း၊ ဒုတိယ၀န်ကြီးချုပ် တီအို ချီဟီယန်၊ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးရန် စီစဉ် ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် မကြာသေးမီ နှစ်များအတွင်း စင်ကာပူနှင့် မြန်မာနှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု တိုးတက်နေချိန် တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုနှစ်ကုန်၌ သက်တမ်းကုန် ဆုံးမည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု စာချုပ်ကို တိုးမြှင့်ရမည့်အချိန် လည်း ဖြစ်နေကြောင်း The StraitsTimes က ရေးသားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သြဂုတ် ၂၁ ရက်တွင် သမ္မတအိမ်တော်အစ္စတာနာ၌ စင်ကာပူသမ္မတ ဟာလီမာယာ ကော့ဘ်ကို သွားရောက်တွေ့ဆုံမည်ဖြစ်ကာ ယင်းနေ့မွန်းလွဲတွင် ၀န် ကြီးချုပ် လီရှန်လွန်းက ဒေါ်အောင်ဆန်းစုကြည်ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံမည်ဆို သည်။
ထို့နောက် Grand Hyatt ဟို တယ်၌ ကျင်းပမည့်(၄၃) ကြိမ်မြောက် Singapore Lectureတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ‘မြန်မာ့ဒီမိုကရေစီအကူးအ ပြောင်း၏ စိန်ခေါ်မှုများနှင့် ရှေ့ ခရီး’ ခေါင်းစဉ်ဖြင့် မိန့်ခွန်းဟော ပြောရန် စီစဉ်ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၆ နှစ်ကုန်တွင် ၀န်ကြီး ချုပ်လီရှန်လွန်း၏ ဖိတ်ကြားချက် အရ စင်ကာပူနိုင်ငံသို့ သွားရောက် ခဲ့ပြီး ထိုစဉ်က နှစ်နိုင်ငံသံတမန် ထူထောင်သည့် နှစ်(၅၀) ပြည့် မြောက်ခဲ့၍ နှစ်နိုင်ငံ ဗီဇာကင်း လွတ်ခွင့်အပါအ၀င် နှစ်နိုင်ငံရင်း နှီးမြှုပ်နှံမှု စာချုပ်ကို စတင်ကြေ ညာသည်။
ပြီးခဲ့သည့် ၂၀၁၇ တွင် မြန်မာ-စင်ကာပူနှစ်နိုင်ငံအကြား စုစုပေါင်း ကုန်သွယ်မှုပမာဏ စင်ကာပူဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရှိခဲ့ကြောင်း CNA သတင်းဌာနက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အထက်ပါ စင်ကာပူခရီးစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန် ကြီးဦးသောင်းထွန်း၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဦးကျော်တင်၊ သမ္မတရုံး ၀န်ကြီးဌာနဒုဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အ ဆင့်မြင့်အရာရှိကြီးများ လိုက်ပါ သွားကြောင်း အတိုင်ပင်ခံရုံးက ယမန်နေ့၌ သတင်းထုတ်ပြန် သည်။


No comments:

Post a Comment

မန်ဘာဝင်ထားခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း ဖတ်ရှုရပါမည်။