Zawgyi ျဖင့္ဖတ္ရန္
>>>>>>>>>>>>>
အေမရိကန္သိပၸံပညာရွင္မ်ားအဖြဲ႕ FAS ၏ ေဖာ္ျပခ်က္အရ ယေန႔အခ်ိန္တြင္ ကမၻာေပၚတြင္ ႏ်ဴကလီးယားလက္နက္ ေပါင္း ၁၄၅၂၅ ခုရွိေနေၾကာင္းသိရၿပီး ၎လက္နက္မ်ား ျဖန္႔ၾကက္တည္ရွိေန သည့္ ႏိုင္ငံမ်ား၏ ေျမပုံကို ထုတ္ေဖာ္ ျပသခဲ့သည္။ အဆိုပါႏ်ဴကလီးယားလက္ နက္ စုစုေပါင္းပမာဏ၏ ၉၂ ရာခိုင္ႏႈန္းမွာ အေမရိကန္ႏွင့္ ႐ုရွားတို႔တြင္ ရွိေနျခင္းျဖစ္ ေၾကာင္း FAS က ထုတ္ေဖာ္ေျပာၾကားခဲ့ ျခင္းျဖစ္သည္။ အဆိုပါႏ်ဴကလီးယား လက္နက္ေျမပုံတြင္ ႏိုင္ငံကိုးႏိုင္ငံကို ေဖာ္ ျပထားခဲ့ျခင္းျဖစ္ၿပီး ႏ်ဴကလီးယား လက္နက္ပိုင္ဆိုင္မႈအမ်ားဆုံးႏိုင္ငံအျဖစ္ ႏ်ဴ ကလီးယားလက္နက္ ၆၈၅၀ ခုႏွင့္ ႐ုရွား ႏိုင္ငံကို ေဖာ္ျပထားခဲ့သည္။ အေမရိကန္ တြင္ ႏ်ဴကလီးယားလက္နက္ ၆၄၅၀ ခု၊ ျပင္သစ္တြင္ ၃၀၀ ခု၊ တ႐ုတ္တြင္ ၂၈၀ ခု၊ ၿဗိတိန္တြင္ ၂၁၅ ခု၊ ပါကစၥတန္တြင္ ၁၅၀ ခု၊ အိႏၵိယတြင္ ၁၄၀ ခု၊ အစၥေရးတြင္ ၈၀ ခု၊ ေျမာက္ကိုရီးယားတြင္ ၆၀ ခုတို႔ ျဖစ္ေၾကာင္း အဆိုပါႏ်ဴကလီးယား လက္ နက္ေျမပုံတြင္ျပသထားခဲ့ျခင္းျဖစ္သည္။ အဆိုပါေဖာ္ျပခ်က္တြင္ အေမရိကန္ႏိုင္ငံ၊ တကၠဆက္ျပည္နယ္ရွိ ႏ်ဴကလီးယား လက္နက္တပ္ဆင္မႈ၊ ထိန္းသိမ္းမႈႏွင့္ ျဖဳတ္သိမ္းမႈမ်ားျပဳလုပ္ေသာPantext Plant တြင္ သိမ္းဆည္းထားသည့္ ပလူတို နီယမ္ေစ့ ၂၀၀၀၀ ခန္႔ကို ထည့္သြင္းတြက္ ခ်က္ထားျခင္းမရွိေၾကာင္း လက္နက္ပညာ ရွင္မ်ားျဖစ္သည့္ ဟန္ခရစၥတန္ဆင္ႏွင့္ ေရာဘတ္ေနာရစ္တို႔က ေျပာၾကားခဲ့သည္။
(Express, 17.8.18) သံသာ
Unicode ျဖင့္ဖတ္ရန္
>>>>>>>>>>>>>
အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့ FAS ၏ ဖော်ပြချက်အရ ယနေ့အချိန်တွင် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် ပေါင်း ၁၄၅၂၅ ခုရှိနေကြောင်းသိရပြီး ၎င်းလက်နက်များ ဖြန့်ကြက်တည်ရှိနေ သည့် နိုင်ငံများ၏ မြေပုံကို ထုတ်ဖော် ပြသခဲ့သည်။ အဆိုပါနျူကလီးယားလက် နက် စုစုပေါင်းပမာဏ၏ ၉၂ ရာခိုင်နှုန်းမှာ အမေရိကန်နှင့် ရုရှားတို့တွင် ရှိနေခြင်းဖြစ် ကြောင်း FAS က ထုတ်ဖော်ပြောကြားခဲ့ ခြင်းဖြစ်သည်။ အဆိုပါနျူကလီးယား လက်နက်မြေပုံတွင် နိုင်ငံကိုးနိုင်ငံကို ဖော် ပြထားခဲ့ခြင်းဖြစ်ပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်မှုအများဆုံးနိုင်ငံအဖြစ် နျူ ကလီးယားလက်နက် ၆၈၅၀ ခုနှင့် ရုရှား နိုင်ငံကို ဖော်ပြထားခဲ့သည်။ အမေရိကန် တွင် နျူကလီးယားလက်နက် ၆၄၅၀ ခု၊ ပြင်သစ်တွင် ၃၀၀ ခု၊ တရုတ်တွင် ၂၈၀ ခု၊ ဗြိတိန်တွင် ၂၁၅ ခု၊ ပါကစ္စတန်တွင် ၁၅၀ ခု၊ အိန္ဒိယတွင် ၁၄၀ ခု၊ အစ္စရေးတွင် ၈၀ ခု၊ မြောက်ကိုရီးယားတွင် ၆၀ ခုတို့ ဖြစ်ကြောင်း အဆိုပါနျူကလီးယား လက် နက်မြေပုံတွင်ပြသထားခဲ့ခြင်းဖြစ်သည်။ အဆိုပါဖော်ပြချက်တွင် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ရှိ နျူကလီးယား လက်နက်တပ်ဆင်မှု၊ ထိန်းသိမ်းမှုနှင့် ဖြုတ်သိမ်းမှုများပြုလုပ်သောPantext Plant တွင် သိမ်းဆည်းထားသည့် ပလူတို နီယမ်စေ့ ၂၀၀၀၀ ခန့်ကို ထည့်သွင်းတွက် ချက်ထားခြင်းမရှိကြောင်း လက်နက်ပညာ ရှင်များဖြစ်သည့် ဟန်ခရစ္စတန်ဆင်နှင့် ရောဘတ်နောရစ်တို့က ပြောကြားခဲ့သည်။
(Express, 17.8.18) သံသာ
Ref : Pyi Myanmar
No comments:
Post a Comment