၎င်းအပါအ၀င် နယူးဇီလန်နိုင်ငံရေးသမားများအားလုံးကို
လစာတိုးမပေးမည့် ဥပဒေအား ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း
နယူးဇီလန်ဝန်ကြီးချုပ် ဂျစင်ဒါအာဒင်းက ပြောကြားလိုက်သည်ဟု
သြဂုတ်လ ၂၀ ရက်သတင်းတွင် ဖော်ပြထားသည်။ နယူးဇီလန်နိုင်ငံရေး
သမားအားလုံးကို စက်တင်ဘာလတွင် လစာတိုးပေးရန်
လုပ်ခလစာရှင်းပေးရေးအာဏာပိုင်အဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။
လုပ်ခသာ တိုးသွားပါက ၀န်ကြီးချုပ်သည် တစ်နှစ်လျှင် နယူးဇီလန်ဒေါ်လာ၁၄ ၁၃၁ (သို့မဟုတ် ) အမေရိကန်ဒေါ်လာ ၁၀ ၂၀၀ ခန့်
တိုးရမည်ဖြစ်သည်။ ၄င်းသည်လက်ရှိတွင် တစ်နှစ် နယူးဇီလန်ဒေါ်လာ
၄၂၇ ၀၇၂ ရရှိနေသည်။ လုပ်ခသာ တိုးသွားပါက ၀န်ကြီးများသည် တစ်နှစ်လျှင်နယူးဇီလန်ဒေါ်လာ ၈ ၀၀၀ ကျော် တိုးရသွားကြမည်ဖြစ်ပြီး
အမတ်များသည်လည်း တစ်နှစ်လျှင် လုပ်ခ နယူးဇီလန်ဒေါ်လာ ၄ ၄၅၆
ပိုရကြမည်ဖြစ်သည်။ မိမိတို့သည် လက်ရှိတွင်လည်း လုပ်ခလစာ
အများအပြား ရရှိနေကြပြီဖြစ်သဖြင့် လစာ တိုးယူလိုက်လျှင်
သာမန်နယူးဇီလန်နိုင်ငံသားတို့နှင့် လစာ မတန်တဆ ကွာသွားမည်
စိုးသည့်အတွက် မယူတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း
ဝန်ကြီးချုပ်က ဆိုသည်။ လစာ တိုးမယူလိုက်သဖြင့် နိုင်ငံတော်အသုံးစရိတ်ကိုအများအပြား မချွေတာနိုင်သော်ငြား နိုင်ငံသားများအပေါ် မိမိတို့၏
သဘောထားကို ပြသလိုက်ရာရောက်မည်ဟု ၀န်ကြီးချုပ်က ဆိုသည်။

No comments:
Post a Comment