Breaking

Tuesday, November 27, 2018

နိုင်ငံတကာမှာပါ သုံးနိုင်မည်ဆိုသော MPU Union Pay ငွေပေးချေကတ် မိတ်ဆက်


Zawgyi

ရန်ကုန် နိုဝင်ဘာ ၂၇ ။              ။ ငွေပေးချေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများတွင်ပါ အသုံးပြုနိုင်မည်ဆိုသော MPU Union Pay ပလက်တီနမ်ငွေပေးချေကတ်ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။
အဆိုပါ ငွေပေးချေကတ်ဖြင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံများနှင့် နယ်မြေပေါင်း ၁၇၀ ကျော်တွင်းရှိသော ATM စက် ၂.၆ သန်း တွင် ငွေထုတ်ယူဝန်ဆောင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ပြောသည်။
"ကျွန်တော်တို့ အနေဖြင့် Union Pay International (UPI) နဲ့ ပူးပေါင်းပြီး ပြည်တွင်းပြည်ပ အသုံးပြုနိုင်မယ့် ပထမဆုံး ပူးတွဲပလက်တီနမ်ငွေပေးချေကတ် (MPU Union Pay Platinum Debit Card) ကို မြန်မာပြည်မှာ မိတ်ဆက်ခွင့်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုအဖြစ် ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ ဘဏ်ဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ ကမ္ဘာတဝန်းရှိ ကုန်သည်ပေါင်း ၁၃၀၀၀ ထံက အထူး အကျိုးခံစားခွင့်များ ရရှိနိုင်ခြင်း၊ ကုန်သည်ပေါင်း ၅၁ သန်းထံမှာ ငွေပေးချေမှုများပြုလုပ်နိုင်ခြင်းနဲ့ ကမ္ဘာတဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း ၁၇၀ ကျော်တွင်းရှိသော ATM စက် ၂.၆ သန်းတွင် ငွေထုတ်ယူ ဝန်ဆောင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် " ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ပြောသည်။
အဆိုပါ MPU Union Pay ပလက်တီနမ်ငွေပေးချေကတ်ကို MAB ဘဏ်နှင့် Union Pay International ပူးပေါင်း၍ ထုတ်လုပ်ခြင်း ဖြစ်ပြီး ငွေပေးချေကတ်မိတ်ဆက်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။
"မြန်မာ့ရှေ့ဆောင်ဘဏ် စတင်တည်ထောင်ကတည်းကစပြီး မိဘပြည်သူ Costumer တွေ လိုအပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံးစိတ်ကျေနပ်မှု ရတဲ့အထိ ဝန်ဆောင်မှုပေးနိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ " ဟု MAB ဘဏ်၏ Deputy Chief Business Officer ဦးဇော်မိုးအောင်က ပြောသည်။
UnionPay ၏ပလက်တီနမ်ကတ်ပို်င်ရှင်များအနေဖြင့် နိုင်ငံတကာ ကျန်းမာရေး ဝန်ဆောင်မှုများ (Global Medical Assistance)၊ နိုင်ငံတကာခရီးသွားဝန်ဆောင်မှုများ (Global Travel Assistance)၊ အပြင် ဂေါက်ကွင်း၊ ရှိုးပွဲတွေအတွက် ကြိုတင်ဘွတ်ကင်လုပ်လျှင် အထူးဝန်ဆောင်မှုများရရုံတင်မက ဒစ်စကောက် များလည်း ရရှိမည်ဖြစ်သည်ဟု သိရသည်။
Unicode
ရန္ကုန္ နိုဝင္ဘာ ၂၇ ။              ။ ေငြေပးေခ်မႈႏွင့္ ပတ္သက္ၿပီး ျမန္မာနိုင္ငံတြင္သာမက ျပည္ပနိုင္ငံမ်ားတြင္ပါ အသုံးျပဳနိုင္မည္ဆိုေသာ MPU Union Pay ပလက္တီနမ္ေငြေပးေခ်ကတ္ကို ယေန႔ နိုဝင္ဘာလ ၂၇ ရက္တြင္ စတင္မိတ္ဆက္ခဲ့သည္။
အဆိုပါ ေငြေပးေခ်ကတ္ျဖင့္ တစ္ကမၻာလုံးရွိ နိုင္ငံမ်ားႏွင့္ နယ္ေျမေပါင္း ၁၇၀ ေက်ာ္တြင္းရွိေသာ ATM စက္ ၂.၆ သန္း တြင္ ေငြထုတ္ယူဝန္ေဆာင္မႈမ်ား ျပဳလုပ္နိုင္မည္ျဖစ္သည္ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ေျပာသည္။
"ကၽြန္ေတာ္တို႔ အေနျဖင့္ Union Pay International (UPI) နဲ႔ ပူးေပါင္းၿပီး ျပည္တြင္းျပည္ပ အသုံးျပဳနိုင္မယ့္ ပထမဆုံး ပူးတြဲပလက္တီနမ္ေငြေပးေခ်ကတ္ (MPU Union Pay Platinum Debit Card) ကို ျမန္မာျပည္မွာ မိတ္ဆက္ခြင့္ရတာ ဝမ္းသာဂုဏ္ယူပါတယ္။ အေရးႀကီးတဲ့ မွတ္တိုင္တစ္ခုအျဖစ္ ယူဆပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ ဘဏ္ဝန္ေဆာင္မႈကို အသုံးျပဳသူမ်ားအေနနဲ႔ ကမၻာတဝန္းရွိ ကုန္သည္ေပါင္း ၁၃၀၀၀ ထံက အထူး အက်ိဳးခံစားခြင့္မ်ား ရရွိနိုင္ျခင္း၊ ကုန္သည္ေပါင္း ၅၁ သန္းထံမွာ ေငြေပးေခ်မႈမ်ားျပဳလုပ္နိုင္ျခင္းနဲ႔ ကမၻာတဝန္းရွိ နိုင္ငံႏွင့္ နယ္ေျမေပါင္း ၁၇၀ ေက်ာ္တြင္းရွိေသာ ATM စက္ ၂.၆ သန္းတြင္ ေငြထုတ္ယူ ဝန္ေဆာင္မႈေတြ ျပဳလုပ္နိုင္မွာ ျဖစ္ပါတယ္ " ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ေျပာသည္။
အဆိုပါ MPU Union Pay ပလက္တီနမ္ေငြေပးေခ်ကတ္ကို MAB ဘဏ္ႏွင့္ Union Pay International ပူးေပါင္း၍ ထုတ္လုပ္ျခင္း ျဖစ္ၿပီး ေငြေပးေခ်ကတ္မိတ္ဆက္ျခင္းအခမ္းအနားကို နိုဝင္ဘာလ ၂၇ ရက္ေန႔ ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕ Pan Pacific ဟိုတယ္တြင္ ျပဳလုပ္ခဲ့သည္။
"ျမန္မာ့ေရွ႕ေဆာင္ဘဏ္ စတင္တည္ေထာင္ကတည္းကစၿပီး မိဘျပည္သူ Costumer ေတြ လိုအပ္တဲ့ ေငြေရးေၾကးေရးဆိုင္ရာ လိုအပ္ခ်က္မ်ားကို အေကာင္းဆုံးစိတ္ေက်နပ္မႈ ရတဲ့အထိ ဝန္ေဆာင္မႈေပးနိုင္ဖို႔ အတြက္ ႀကိဳးစားေဆာင္ရြက္ခဲ့ပါတယ္။ " ဟု MAB ဘဏ္၏ Deputy Chief Business Officer ဦးေဇာ္မိုးေအာင္က ေျပာသည္။
UnionPay ၏ပလက္တီနမ္ကတ္ပို္င္ရွင္မ်ားအေနျဖင့္ နိုင္ငံတကာ က်န္းမာေရး ဝန္ေဆာင္မႈမ်ား (Global Medical Assistance)၊ နိုင္ငံတကာခရီးသြားဝန္ေဆာင္မႈမ်ား (Global Travel Assistance)၊ အျပင္ ေဂါက္ကြင္း၊ ရွိုးပြဲေတြအတြက္ ႀကိဳတင္ဘြတ္ကင္လုပ္လၽွင္ အထူးဝန္ေဆာင္မႈမ်ားရ႐ုံတင္မက ဒစ္စေကာက္ မ်ားလည္း ရရွိမည္ျဖစ္သည္ဟု သိရသည္။
Ref: Mizzima Burmese

No comments:

Post a Comment

မန္ဘာဝင္ထားျခင္းျဖင္႔ ပုိစ္႔အသစ္တင္တိုင္း ဖတ္ရႈရပါမည္။