၂၀၁၈ ခုနှစ်အတွက် Miss Golden Land Myanmar အလှမယ် ရွေးချယ်ပွဲမှာ ရခိုင်ပြည်နယ် ကိုယ်စားပြုအလှမယ် ရွှေအိမ်စည်က သရဖူဆွတ်ခူးရရှိခဲ့ပါတယ်။
အဲဒီပြိုင်ပွဲကို သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားပြု Miss Supranational အလှမယ်တွေအဖြစ် ၂၀၁၃ ခုနှစ် အတွက် အလှမယ် ခင်ဝင့်ဝါ၊ ၂၀၁၄ ခုနှစ်အတွက် အလှမယ် ဟန်သီ၊ ၂၀၁၅ ခုနှစ်အတွက် အလှမယ် L ဘောက်နူး၊ ၂၀၁၆ ခုနှစ်အတွက် အလှမယ် ဆွေဇင်ထက်၊ ၂၀၁၇ ခုနှစ်အတွက် အလှမယ် ရွှေမှူးဟန်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။အလှမယ် ရွှေအိမ်စည်ဟာ ပိုလန်နိုင်ငံမှာ လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် Miss Supranational 2018 အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment