Breaking

Wednesday, August 22, 2018

နည်းပြချုပ် အန်တွမ်နီဟေး၏ အရည်အချင်းကို အသိအမှတ်ပြုသော်လည်း သက်တမ်းတိုးရန် လတ်တလောမစဉ်းစားသေးဟု ပြော



မန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) CEO ဦးဘုန်းနိုင်ဇော်က အာရှအားကစားပြိုင်ပွဲတွင် ရလဒ်ကောင်းရအောင်
စွမ်းဆောင်ပေးခဲ့သည့် နည်းပြချုပ် အန်တွမ်နီဟေး၏ အရည်အချင်းကို အသိအမှတ်ပြုသော်လည်း သက်တမ်းတိုးရန် လတ်တလောမစဉ်းစားသေးဟု ပြောကြားသည်။

MFFသည် အန်တွမ်နီးဟေးကို ပြီးခဲ့သည့် မေလကမှ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး
၂၀၁၉ နှစ်ကုန်အထိ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည်။ MFFသည် အန်တွမ်နီဟေးကို မြန်မာ့လက်ရွေးစင်အသင်း
အတွက် အဓိကခန့်အပ်ထားခြင်းဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲ မတိုင်မီ ပြင်ဆင်မှုတစ်ခုအဖြစ် အာရှအားကစားပြိုင်ပွဲတွင်
ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ 

ဦးဘုန်းနိုင်ဇော်က "အာရှအားကစားပြိုင်ပွဲမှာ နည်းပြချုပ် အန်တွမ်နီဟေးရဲ့စွမ်းဆောင်မှုကို အသိအမှတ်ပြုပါတယ်။

မထင်မှတ်ထားတဲ့ရလဒ်တွေလည်းရယူပေးခဲ့ပါတယ်။ ဒါပေမယ့်သူ့ကိုသက်တမ်းတိုးဖို့ လတ်တလောစဉ်းစားဦးမှာ
မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့မေလကမှ ခန့်အပ်ခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက အများကြီးကျန်ပါသေးတယ်။ နောက်ထပ်နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ်ပြိုင်ရပါဦးမယ်။ အဲ့ဒီပြိုင်ပွဲကရလဒ်တွေကို စောင့်ကြည့်ရမှာဖြစ်ပါတယ်"ဟုပြောကြားသည်။



No comments:

Post a Comment

မန်ဘာဝင်ထားခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း ဖတ်ရှုရပါမည်။