Breaking

Showing posts with label ဖုန်းသတင်း. Show all posts
Showing posts with label ဖုန်းသတင်း. Show all posts

Thursday, September 6, 2018

September 06, 2018

iPhone မျိုးဆက်သစ်အတွက် ထွက်ပေါ်နေသည့် ကောလာဟလများ


Zawgyi Version

နှစ်တစ်နှစ်ရဲ့ ဩဂုတ်လ ကုန်ဆုံးခါနီးအချိန်ရောက်တိုင်း နည်းပညာ လောကမှာ ထုတ်ကုန်သစ်တစ်ခုနဲ့ပတ်သက်ပြီး ခန့်မှန်းမှုတွေ၊ ယူဆချက်တွေနဲ့ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတတ်တာ အခုဆိုရင် ဆယ်စုနှစ်တစ်ခု လောက် ကြာမြင့်ခဲ့ပါပြီ။ Apple ကုမ္ပဏီရဲ့ စမတ်ဖုန်းနည်းပညာ ရှေ့ ဆောင်ထုတ်ကုန်လို့ပြောရမယ့် iPhone မျိုးဆက်သစ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေဟာ နှစ်တစ်နှစ်ရဲ့ သုံးချိုးနှစ်ချိုးကာလ ကုန်ဆုံးတိုင်း ကျယ်လောင်လာတတ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာတော့ Apple ဟာ နည်းပညာပိုင်း အဆန်းသစ်ဆုံး iPhone တစ်မျိုးအဖြစ် သတ်မှတ်ခံရတဲ့ iPhone X ကို စတင်ရောင်းချခဲ့ပြီး အတော်လေး လူပြောများစေပါတယ်။ လက်ရှိအချိန်မှာလည်း ၂၀၁၈ မော်ဒယ်အဖြစ် ထွက်ပေါ်လာမယ့် iPhone အသစ်တွေနဲ့ပတ်သက်လို့ ကြိုတင်တွေးဆမှုတွေ၊ ကောလာဟလတွေ တွင်တွင်ကျယ်ကျယ် ထွက် ပေါ်နေပါပြီ။ ဒါတွေအားလုံး မှန်၊ မမှန် ဆိုတာတော့ တိတိကျကျမသိရ သေးပါဘူး။ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေထဲက စိတ်ဝင် စားစရာတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
Android တွေလောက် မြန်နှုန်းမြင့်ဖွယ်မရှိ
Qualcomm က ၂၀၁၈ မော်ဒယ်သစ် iPhone တွေအတွက် Modemထောက်ပံ့ရောင်းချထားတာ မရှိဘူးလို့ပြောပါတယ်။ Qualcomm ရဲ့ အမှုဆောင်ချုပ် ဂျော့ဂ်ျဒေးဗစ်က Apple ဟာ သူတို့ကုမ္ပဏီရဲ့ ပြိုင်ဘက်တွေဆီက Modem တွေကိုပဲ မှာယူအသုံးပြုခဲ့တယ်လို့ ယုံကြည်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ Qualcomm ရဲ့ မိုဘိုင်း Chip တွေဟာ ယေဘု ယျအားဖြင့် Intel ရဲ့ ထုတ်ကုန်တွေထက် မြန်နှုန်းပိုကောင်းပါတယ်။ ဒီတော့ Apple ဟာ Qualcomm နဲ့ ချိတ်ဆက်ခဲ့တာမရှိဘူးဆိုရင် Qualcomm ရဲ့ Chip တွေ သုံးထားတဲ့ Android OS သုံး ပြိုင်ဘက် မော်ဒယ်တွေထက် မြန်နှုန်းလျော့နည်းမယ့်သဘောပါ။ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ လက်တွေ့မိတ်ဆက်ချိန်မှ အကဲဖြတ်နိုင်ပါမယ်။
ဘတ်ဂျက်ဖုန်းလည်း ပါနိုင်တယ်
Apple ရဲ့ အဆင့်အတန်းအရ ဘတ်ဂျက်ဖုန်းဆိုတာတောင် အ တော်လေး ဈေးမြင့်နေလေ့ရှိပါတယ်။ အခုနှစ်မှာလည်း တန်ဖိုးမြင့် စမတ်ဖုန်းတွေအပြင် LCD Screen အသုံးပြုထားတဲ့ ဘတ်ဂျက်မော်ဒယ်မျိုး ကိုပါ Apple က မိတ်ဆက်လာနိုင်ပါတယ်။ OLED Screen တွေ တပ်ဆင် ထားတဲ့ မော်ဒယ်နှစ်ခုကတော့ စက်တင်ဘာမှာ စတင်ရောင်းချပြီး ဘတ်ဂျက်ဖုန်းက အောက်တိုဘာလလောက်မှ ဈေးကွက်ထဲ ရောက်လာနိုင် တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပါတယ်။
စက်တင်ဘာမှာ မိတ်ဆက်ဖွယ်ရှိ
Apple ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်တွေ ဘယ်နေ့မှာ မိတ်ဆက်မယ် ဆိုတာကို တရားဝင်အချိန်စောစော ကြေညာတာမျိုးမရှိပါဘူး။ ဒီတော့ အရင်နှစ်တွေနဲ့ ပြန်ချိန်ထိုးပြီး စဉ်းစားကြည့်ရမယ့်သဘောပါ။ Apple ဟာ ၂၀၁၂ မှာ iPhone 5 ကို စတင်မိတ်ဆက်ခဲ့ချိန်ကတည်းက စက် တင်ဘာမှာပဲ iPhone မျိုးဆက်သစ်တွေကို ပွဲထုတ်လာလေ့ရှိပါတယ်။ ဒီနှစ်မှာလည်း အဲဒီအစဉ်အလာကို ပြောင်းလဲပစ်မယ့်အကြောင်း မမြင် ပါဘူး။
ပိုများလာနိုင်တဲ့ ကင်မရာတွေ
ဒါက ကောလာဟလအဆင့်မှာပဲ ရှိပါသေးတယ်။ ဖုန်းရဲ့ ကျော ဘက်မှာ ကင်မရာသုံးလုံးထိ Apple က တပ်ဆင်ပေးမယ်ဆိုတဲ့ သတင်းကအတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီကိစ္စဟာ နည်းပညာပိုင်း အရ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဥပမာဆိုရင် Huawei ရဲ့ P20 Pro အသစ်မှာဆိုရင် ကျောဘက်မှာ ကင်မရာ မှန်ဘီလူးသုံးခု ပါဝင်လာ ပြီဖြစ်ပါတယ်။ ဒါမျိုးဖြစ်နိုင်ခြေဟာ အသစ်ထွက်မယ့် iPhone အားလုံးမှာ တွေ့ရနိုင်ခြေနည်းပေမယ့် iPhone X ကို ဆက်ခံမယ့် အဆင့်အမြင့် ဆုံး မော်ဒယ်အတွက်တော့ မျှော်လင့်လို့ရပါတယ်။
ပိုကြီးတဲ့ iPhone
Apple ဟာ အရွယ်အစားအကြီးစား iPhone အသစ်နှစ်မျိုးကို ဖန်တီးနေတယ်လို့ Bloomberg က စတင်ဖော်ပြခဲ့ပါတယ်။ ၆ ဒသမ ၅ လက်မ OLED Screen နဲ့ မော်ဒယ်ဟာ လက်ရှိ iPhone X ရဲ့ Plus မျိုးကွဲ ဖြစ်လာမယ်လို့ဆိုပါတယ်။ နောက်တစ်မျိုးကတော့ ၆ ဒသမ ၁ လက်မအရွယ် LCD Screen တပ်ထားတဲ့ ဗားရှင်းပါ။ Apple ဟာ iPhone တွေရဲ့ အရွယ်အစားကို အပြောင်းအလဲတွေပြုလုပ်ဖို့ အလေးအနက်စဉ်းစား နေကြောင်း ကောလာဟလတွေ ထွက်ပေါ်နေတာတော့ အတော်ကြာ ပါပြီ။
Stylus ပါဝင်နိုင်ခြေ
Apple Pencil လို့ပဲခေါ်ခေါ်၊ iPen လို့ပဲ နာမည်ပေးပေး Screenပေါ်မှာ ထောက်သုံးနိုင်တဲ့ Stylus တစ်ခုပါ iPhone အသစ်မှာ ထည့်ပေး မလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ၂၀၁၈ မျိုးဆက်သစ် iPadကွန်ပျူတာအသစ်တွေမှာ Apple က Apple Pencil ကို ဖြည့်တင်းပေး ထားပြီးပါပြီ။ အရွယ်အစားအနေနဲ့ Tablet ထက် ပိုသေးတဲ့ ဖုန်းတွေမှာ ရော Stylus ပါလာမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ Stylus ပါ ပါလာမယ်ဆိုရင်တော့ iPhone တွေကို အသုံးပြုရတဲ့ ရှုထောင့်က ပိုပြီး ကျယ်ပြန့်စုံလင်လာမှာပါ။
ပုဂ္ဂိုလ်ရေး လုံခြုံမှု နည်းပညာ
Face ID နဲ့ လက်ဗွေဖတ်လုံခြုံရေးစနစ်တွေအပြီးမှာ နောက်ထပ် ဘယ်လိုလုံခြုံရေးစနစ်တွေ Apple က ထည့်သွင်းပေးဦးမလဲဆိုတာက လည်း လူတွေ သိချင်တဲ့ မေးခွန်းတစ်ခုပါပဲ။ အဓိက ခန့်မှန်းတာကတော့ Virtual Fingerprint ဆိုတဲ့ ပုံရိပ်ယောင် လက်ဗွေဖတ်စနစ်ပါ။ ဒီနည်းပညာမျိုးကို Vivo X20 Plus UD လို ဖုန်းတွေမှာ Clear ID ဆိုတဲ့ နာမည်နဲ့ အသုံးပြုနေပါပြီ။ ဒါမှမဟုတ်လည်း Apple က သီးခြားစဉ်းစားထားတဲ့ တခြားစိတ်ကူးသစ်တွေ၊ နည်းစနစ်တွေရှိရင်လည်း ရှိပါ လိမ့်မယ်။ ဖုန်းအသစ်တွေ မိတ်ဆက်ချိန်မှာ ဘာတွေ ထူးထူးကဲကဲရင်သပ်ရှုမောလောက်စရာတွေ ပါလာဦးမလဲဆိုတာကို စောင့်ကြည့်ရုံ ပါပဲ။
Ref : 7daydaily

Unicode Version
နွစ္တစ်နွစ်ရဲ့ ဩဂုတ္လ ကုန္ဆုံးခါနီးအခိန်ရောက္တိုင်း နည်းပညာ လောကမွာ ထုတ္ကုန်သစ္တစ္ခုနဲ့ပတ်သက်ပြီး ခန့်မွန်းမှုတြေ၊ ယူဆခ်က်တြေနဲ့ လှုပ္လှုပ္ခတ္ခတ်ျဖစ်နေတတ္တာ အခုဆိုရင် ဆယ္စုနွစ္တစ္ခု လောက် ကျြာမင့်ခဲ့ပါပြီ။ Apple ကုမ္ပဏီရဲ့ စမတ္ဖုန်းနည်းပညာ ရွေ့ ဆောင္ထုတ္ကုန္လို့ျေပာရမယ့် iPhone မိုးဆက်သစ္နဲ့ပတ်သက္တဲ့ ခန့်မွန်းသတင်းတြေဟာ နွစ္တစ်နွစ်ရဲ့ သုံးခိုးနွစ္ခိုးကာလ ကုန္ဆုံးတိုင်း က်ယ်လောင္လာတတ္ပါတယ်။
ပြီးခဲ့တဲ့ နွစ္မွာတော့ Apple ဟာ နည်းပညာပိုင်း အဆန်းသစ္ဆုံး iPhone တစ္မိုးအျဖစ် သတ္မွတ္ခံရတဲ့ iPhone X ကို စတင်ရောင်းခ်ခဲ့ပြီး အေတ်ာလေး လျူေပာမ်ားစေပါတယ်။ လက်ရွိအခိန္မွာလည်း ၂၀၁၈ မ္ဒောယ်အျဖစ် ထြက်ပေါ်လာမယ့် iPhone အသစ်တြေနဲ့ပတ်သက္လို့ ကြိုတင်တြေးဆမှုတြေ၊ ကောလာဟလေတြ တြင္တြင္က်ယ္က်ယ် ထြက် ပေါ်နေပါပြီ။ ဒါတြေအားလုံး မွန်၊ မမွန် ဆိုတာတော့ တိတိက်က်မသိရ သေးပါဘူး။ လက်ရွိထြက်ပေါ်နေတဲ့ ကောလာဟလေတြထဲက စိတ်ဝင် စားစရာတခို့ကို ကောက်နုတ်ဖော်ျပလိုက္ပါတယ်။
Android တြေလာက်ျမန်နှုန်ျးမင့်ဖြယ္မရွိ
Qualcomm က ၂၀၁၈ မ္ဒောယ်သစ် iPhone တြေအတြက် Modemထောက္ပံ့ရောင်းခ်ထားတာ မရွိဘူးလို့ျေပာပါတယ်။ Qualcomm ရဲ့ အမှုဆောင္ခ်ုပ် ဂော့်ဂ်ဒေးဗစ္က Apple ဟာ သူတို့ကုမ္ပဏီရဲ့ ပြိုင္ဘက်တြေဆီက Modem တြေကိုပဲ မွာယူအသုံျးပုခဲ့တယ္လို့ ယုံကြည်ကြောင်းမွတ္ခ်က်ပေးခဲ့ပါတယ်။ Qualcomm ရဲ့ မိုဘိုင်း Chip တြေဟာ ယေဘု ယ်အာျးဖင့် Intel ရဲ့ ထုတ္ကုန်တြေထက်ျမန်နှုန်းပိုကောင်းပါတယ်။ ဒီတော့ Apple ဟာ Qualcomm နဲ့ ခိတ္ဆက္ခဲ့တာမရွိဘူးဆိုရင် Qualcomm ရဲ့ Chip တြေ သုံးထားတဲ့ Android OS သုံး ပြိုင္ဘက် မ္ဒောယ်တြေထက်ျမန်နှုန်းလော့်နည်းမယ့်သေဘာပါ။ ဟုတ်၊ မဟုတ် ဆိုတာကိုတော့ လက်တြေ့မိတ္ဆက္ခိန္မွ အကျဲဖတ်နိုင္ပါမယ်။
ဘတ္ဂ်က္ဖုန်းလည်း ပါနိုင္တယ်
Apple ရဲ့ အဆင့်အတန်းအရ ဘတ္ဂ်က္ဖုန်းဆိုတာတောင် အ တော်လေး စေ်ျးမင့်နေလ့ရွိပါတယ်။ အခုနွစ္မွာလည်း တန္ဖိုျးမင့် စမတ္ဖုန်းတြေအျပင် LCD Screen အသုံျးပုထားတဲ့ ဘတ္ဂ်က်မ္ဒောယ္မိုး ကိုပါ Apple က မိတ္ဆက္လာနိုင္ပါတယ်။ OLED Screen တြေ တပ္ဆင် ထားတဲ့ မ္ဒောယ်နွစ္ခုကေတာ့ စက္တင္ဘာမွာ စတင်ရောင်းခ်ပြီး ဘတ္ဂ်က္ဖုန်းက အောက္တိုဘာလေလာက္မွ စေ်းကြက္ထဲ ရောက္လာနိုင် တယ္လို့ ထင်ကြေးတြေ ထြက်ပေါ်နေပါတယ်။
စက္တင္ဘာမွာ မိတ္ဆက္ဖြယ်ရွိ
Apple ဟာ သူတို့ရဲ့ ထုတ္ကုန်သစ်တြေ ဘယ်နေ့မွာ မိတ္ဆက္မယ် ဆိုတာကို တရားဝင်အခိန်စောစော ကြေညာတာမိုးမရွိပါဘူး။ ဒီတော့ အရင်နွစ်တြေနျဲ့ပန္ခိန္ထိုးပြီး စဉ်းစားကြည့်ရမယ့်သေဘာပါ။ Apple ဟာ ၂၀၁၂ မွာ iPhone 5 ကို စတင္မိတ္ဆက္ခဲ့ခိန္ကတည်းက စက် တင္ဘာမွာပဲ iPhone မိုးဆက်သစ်တြေကို ပြဲထုတ္လာလေ့ရွိပါတယ်။ ဒီနွစ္မွာလည်း အဲဒီအစဉ်အလာကိုျေပာင်းလဲပစ္မယ့်အေကြာင်း မျမင် ပါဘူး။
ပိုမ်ားလာနိုင္တဲ့ ကင္မရာတြေ
ဒါက ကောလာဟလအဆင့်မွာပဲ ရွိပါသေးတယ်။ ဖုန်းရဲ့ ကော် ဘက္မွာ ကင္မရာသုံးလုံးထိ Apple က တပ္ဆင်ပေးမယ္ဆိုတဲ့ သတင်းကအေတ်ာလေး စိတ်ဝင္စားဖို့ကောင်းပါတယ်။ ဒီကိစ္စဟာ နည်းပညာပိုင်း အရ အသစ်အဆန်းတော့မဟုတ္ပါဘူး။ ဥပမာဆိုရင် Huawei ရဲ့ P20 Pro အသစ္မွာဆိုရင် ကော်ဘက္မွာ ကင္မရာ မွန္ဘီလူးသုံးခု ပါဝင္လာ ပျြီဖစ္ပါတယ်။ ဒါမိုျးဖစ်နိုင်ျေခဟာ အသစ္ထြက္မယ့် iPhone အားလုံးမွာ တြေ့ရနိုင်ျေခနည်းပေမယ့် iPhone X ကို ဆက္ခံမယ့် အဆင့်အျမင့် ဆုံး မ္ဒောယ်အတြက်တော့ မွေ်္လာင့်လို့ရပါတယ်။
ပိုကြီးတဲ့ iPhone
Apple ဟာ အရြယ်အစားအကြီးစား iPhone အသစ်နွစ္မိုးကို ဖန္တီးနေတယ္လို့ Bloomberg က စတင်ဖော်ျပခဲ့ပါတယ်။ ၆ ဒသမ ၅ လက္မ OLED Screen နဲ့ မ္ဒောယ်ဟာ လက်ရွိ iPhone X ရဲ့ Plus မိုးကျြဲဖစ္လာမယ္လို့ဆိုပါတယ်။ နောက္တစ္မိုးကေတာ့ ၆ ဒသမ ၁ လက္မအရြယ် LCD Screen တပ္ထားတဲ့ ဗားရွင်းပါ။ Apple ဟာ iPhone တြေရဲ့ အရြယ်အစားကို အျေပာင်းအလဲတျြေပုလုပ္ဖို့ အေလးအနက္စဉ်းစား နေကြာင်း ကောလာဟလေတြ ထြက်ပေါ်နေတာတော့ အေတ်ာကြာ ပါပြီ။
Stylus ပါဝင်နိုင်ျေခ
Apple Pencil လို့ပဲခေါ်ခေါ်၊ iPen လို့ပဲ နာမည်ပေးပေး Screenပေါ်မွာ ထောက်သုံးနိုင္တဲ့ Stylus တစ္ခုပါ iPhone အသစ္မွာ ထည့်ပေး မလားဆိုတာကလည်း စိတ်ဝင္စားစရာပါ။ ၂၀၁၈ မိုးဆက်သစ် iPadကြန္ပ်ူတာအသစ်တြေမွာ Apple က Apple Pencil ကျိုဖည့်တင်းပေး ထားပြီးပါပြီ။ အရြယ်အစားအေနနဲ့ Tablet ထက် ပိုသေးတဲ့ ဖုန်းတြေမွာ ရော Stylus ပါလာမလားဆိုတာကို စောင့်ကြည့်ရပါမယ်။ Stylus ပါ ပါလာမယ္ဆိုရင်တော့ iPhone တြေကို အသုံျးပုရတဲ့ ရှုထောင့်က ပိုပြီး က်ယ်ျပန့်စုံလင္လာမွာပါ။
ပုဂ္ဂိုလ်ရေး လုံခြုံမှု နည်းပညာ
Face ID နဲ့ လက်ဗြေဖတ္လုံခြုံရေးစနစ်တြေအပြီးမွာ နောက္ထပ် ဘယ္လိုလုံခြုံရေးစနစ်တြေ Apple က ထည့်သြင်းပေးဦးမလဲဆိုတာက လည်း လူတြေ သိခ်င္တဲ့ မေးခြန်းတစ္ခုပါပဲ။ အဓိက ခန့်မွန်းတာကေတာ့ Virtual Fingerprint ဆိုတဲ့ ပုံရိပ်ယောင် လက်ဗြေဖတ္စနစ္ပါ။ ဒီနည်းပညာမိုးကို Vivo X20 Plus UD လို ဖုန်းတြေမွာ Clear ID ဆိုတဲ့ နာမည္နဲ့ အသုံျးပုနေပါပြီ။ ဒါမွမဟုတ္လည်း Apple က သီျးခားစဉ်းစားထားတဲ့ တျခားစိတ္ကူးသစ်တြေ၊ နည်းစနစ်တြေရွိရင္လည်း ရွိပါ လိမ့်မယ်။ ဖုန်းအသစ်တြေ မိတ္ဆက္ခိန္မွာ ဘာတြေ ထူးထူးကဲကဲရင်သပ်ရှုမောလောက္စရာတြေ ပါလာဦးမလဲဆိုတာကို စောင့်ကြည့်ရုံ ပါပဲ။

Ref : 7daydaily

Tuesday, August 28, 2018

August 28, 2018

Phone ရဲ့ Battery ကြာကြာသုံးနိုင်ဖို့



အခုဆိုရင် ကျွန်တော်တို့ဆီမှာ ဖုန်းကဒ်တွေလည်း ဈေးက နည်းနည်းချင်းစီကျလာပြီဆိုတော့ နောက်ပိုင်းမှာ ဖုန်းကဒ် ဈေးထက် ဟန်းဆက် ဈေးက ပိုပြီးတော့ မြင့်လာတဲ့အနေအထားဖြစ်လာပါပြီ ... နောက်ကျရင် ဖုန်းကဒ်ပျက်သွားရင် အသစ်ဝယ်ပြီးသုံးလိုက်ဖို့ မခက်ပေမယ့် ဈေးကြီးကြီး ဟန်းဆက်ကိုင်ထားသူများ အတွက်ကတော့ ပျက်သွားရင် လွှင့်ပစ်လို့လည်းမရ.. ဆက်သုံးတော့လည်း ဘက်ထရီ က အထားမခံတော့ ယူသွားရလောက်အောင် အဆင်မပြေပြန်ဘူး.. ဘက်ထရီ ကလည်းကောင်းပါတယ် .. ဒါပေမယ့် မသုံးသင့်တာ တွေ ပိတ်မထားပဲ နေမိတာတွေ ဖြစ်ခဲ့ရင်လည်း ဘက်ထရီက မခံပြန်ဘူး ... ဘက်ထရီ အားကို သတိထားချွေတာသုံးရမယ့်နေရာမှာ အဲ့ဒီ့လိုမျိုး ပြဿနာလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်လိုက်ပါတယ် ... ပုံတွေမှာတော့ Andriod နဲ့ပြထားပေမယ့် Phone Battery တော်တော်များများက lithium-ion battery နဲ့ပဲ လုပ်ထားတာမို့ iDevice များအတွက်လည်း အခြေခံအားဖြင့် တူပါတယ် ..  

၁။ Brighitness ကိုလျှော့ချထားပါ .. 
ဖုန်းမှာ ထားတဲ့ အလင်းရောင်ဟာ လိုတာထက်ပိုနေခဲ့ရင် ဘက်ထရီကိုပိုပြီးတော့ ကုန်စေပါတယ် ... ဒါလုပ်တာကလည်း အလွယ်ဆုံးနဲ့ အကောင်းဆုံးသော လျော့ချခြင်းပါပဲ ... သွားရမယ့်လမ်းကတော့ ..
Settings Icon –> Display settings and Brightness Level. 
အဲ့ဒီကို ရောက်ပြီဆိုရင် ကိုယ်လိုသလောက်ပဲ ညှိပြီးတော့ ထားလိုက်ပါ ... 











၂။ Vibrate Feature ကို ဖြစ်နိုင်ရင် ပိတ်ထားပါ ..


Vibrate လုပ်ထားတာကလည်း Phone ရဲ့ Battery ကို စားပါတယ် ... Vibrate မှာ Feature ၄ ခုပါပါတယ် ...
လိုအပ်တဲ့ အချိန်မှ သာသုံးပါ ... 
  • Always
  • Never
  • Only in Silent mode
  • Only when not in Silent mode   






 ၃။ သုံးပြီးသော App များကို ပိတ်လိုက်ပါ ..
ဂိမ်းတွေဘာတွေ ကစားဖြစ်တယ်ဆိုရင် ကစားပြီးသွားရင် ကျွန်တော်တို့က ရိုးရိုးပဲပိတ်လိုက်တာပါ... အဲလိုပိတ်လိုက်တဲ့ အခါမှာ တချို့တချို့ ဂိမ်းတွေဆိုရင် နောက်ပိုင်းမှာ အလုပ်လုပ်နေပါတယ် .. အဲ့ဒါကြောင့်မလို့ ကစားပြီးသွားပြီဆိုရင် Task Killer ဖြစ်ဖြစ် Run ထားပြီးတော့ ပိတ်လိုက်ပါခင်ဗျာ ... ပြီးရင် Clear Memory ဆိုပြီးတော့ Run ကိုရှင်းပေးပါ ...

မှတ်ချက်။ ။ Save ပြီး လုပ်ရတဲ့ App တွေ ၊ ကစားရတဲ့ ဂိမ်းတွေဆိုရင်တော့ သေချာသိမ်းပါခင်ဗျာ ...







၎။ GPS , Wifi နဲ့ Bluetooth တွေကို မလိုအပ်ပါက ပိတ်ထားပါ ..
Wifi ကို ဖုန်းကတ်ကနေပြီးတော့ အင်တာနက် တိုက်ရိုက်သုံးရင် မလိုအပ်ပေမယ့် တခါတလေ Wifi မိတဲ့ နေရာမျိုးမှာ ဆို ရင် ဖွင့်ပြီးသုံးကြပါတယ် .. ပြီးတော့ ကျတော့ အဲ့ဒါကို မပိတ်မိကြဘူး ... မပိတ်မိကြတော့ နောက်ပိုင်းမှာ ဘက်ထရီ စားတာပိုမြန်လာပါတယ် ... Bluetooth ကလည်း အဲ့လိုပါပဲ ... အသုံးပြုပြီးပြီဆိုတာနဲ့ ပိတ်ထားသင့်ပါတယ် .. အဲ့ဒါတွေ ဖွင့်ထားရင် ဘာကြောင့် ကုန်တာမြန်လဲ ဆိုရင်တော့ သူတို့က ဖွင့်ထားတဲ့ အချိန်မှာ ကိုယ်က မသုံးပဲလဲ အမြဲတမ်း Search လုပ်နေပါတယ် .. အဲ့ဒီ့တော့ သူ့အတွက်ကိုလည်း အား ပေးရတဲ့သဘောမျိုးပါပဲ ...



၅။ ဖြစ်နိုင်ရင် 2G ကိုသာသုံးပါ ..  

နောက်ပိုင်းမှာ ပေါ်လာတာတွေက 3G , 3.5G နဲ့ 4G စသဖြင့် ရှိလာပါတယ် ... သူက မြင့်လာတာနဲ့ အမျှ ဘက်ထရီ အသုံးပြုမှု ကလည်းများလာပါတယ် .. ဒါကြောင့် လိုအပ်မှသာ စောစောက ပြောတဲ့ G တွေကို သုံးပါခင်ဗျာ ... ဖုန်းအတွက်သာ အသုံးပြုမယ့် အချိန် ၊ အင်တာနက်မသုံးဖြစ်တဲ့ အချိန် မျိုးပေါ့ ... 2G ပြောင်းပုံကတော့ ပုံမှာ ပြထားသလို သုံးလို့ရသလို ၊ App တွေလည်း ရှိပါတယ် ... ဥပမာ 2G-3G OnOff ဆိုတဲ့ app လိုမျိုးပါ ....







၆။ Animated Wallpaper တွေကို မသုံးပါနဲ့ ...
 အဲ့ဒီ့ wallpaper တွေက နောက်က effect တွေ လှုပ်ရှားဖို့ အတွက်လည်း ဖုန်းရဲ့ ဘက်ထရီ ကို နည်းနည်းပေးရပါတယ် .. ဒါကြောင့် သိပ်ပြီးတော့ လှဖို့ မလိုဘူးဆိုရင် ၊ ဖုန်းအားအလွယ်တကူ သွင်းလို့ ရမယ့် နေရာမဟုတ်ဘူးဆိုရင်တော့ မသုံးသင့်ပါဘူး :) ....











၇။ ပူတဲ့နေရာတွေကို အထူးသဖြင့်ရှောင်ပါ ..

lithium-ion ဘက်ထရီတွေအတွက် အပူချိန်ပြင်းပြင်းရှိတဲ့နေရာတွေက ဘက်ထရီရဲ့ ခံနိုင်ရည်အားကို ကျစေပါတယ် ... အခန်းရဲ့ အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ နေရာမျိုးမှာဆိုရင် ၁ နှစ်ကို ဘက်ထရီရဲ့ စွမ်းဆောင်ရည်နှုန်း ၆ ရာခိုင်နှုန်းကျစေပါတယ် .... ၇၇ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ဘက်ထီရဲ့ စွမ်းဆောင်ရည်နှုန်း ၂၀ ရာခိုင်နှုန်းအထိတောင်မှ ကျနိုင်ပါတယ် ... ဒါကြောင့် အပူချိန် များတဲ့နေရာကို ရှောင်ပါ ...


၈။ ဘက်ထရီကို အားကုန်တဲ့အထိ မသုံးပါနဲ့ ... 
ဖုန်းတွေမှာ ဘက်ထရီ ကုန်တော့မယ်ဆိုရင် ပုံမှာ ပြတဲ့ Alert ကလေးပေါ်လာပါတယ် .... ဖြစ်နိုင်ရင် အဲ့ဒီ့ လို Alert ပေါ်လာအောင်သုံးတာ တစ်လ ကို တစ်ခါသာလျှင်သုံးသင့်ပါတယ် ...တစ်လကို တစ်ခါထက်ပိုပြီး သုံးမယ်ဆိုရင်တော့  ဘက်ထရီ Drain ဖြစ်တာ ပိုမြန်ပါတယ် .. ဘက်ထရီကို အားဖြည့်နည်း ၂ မျိုးရှိပါတယ် ... တစ်ခုက Full circle charge နဲ့ Normal circle charge ဖြစ်ပါတယ် .. Full circle charge ဆိုတာကတော့ ဘက်ထရီ မှာ အဲ့ဒီ့လိုမျိုး Alert ကလေးပေါ်လာပြီး ဆက်သုံးလိုက်ပါ .. ဥပမာ ၁၅ ရာခိုင်နှုန်းမှာ ပေါ်လာတယ်ဆိုရင် ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ထိပဲ ကျန်အောင် သုံးလိုက်တာပါ ... အဲ့ဒီ့ ၁၀ ရာခိုင်နှုန်းကနေပြီးတော့ အားပြည့်တဲ့ အထိ ဖြည့်မယ်ဆိုရင် အဲ့ဒါ Full circle charge ပါ .. အဲ့ဒီ့ Full circle charge ကို ၁ လကို အများဆုံး ၁ ကြိမ်သာလျှင်ပြုလုပ်သင့်ပါတယ် ... Normal circle charge ဆိုတာကတော့ အဲ့လိုမျိုး Alert မပေးခင်မှာ အားဖြည့်ပေးတာပါ ... အဲ့ဒါကတော့ ပုံမှန်လုပ်လည်း ဘာမှ မဖြစ်ပါဘူး .... ၀ ရာခိုင်နှုန်းထိကျန်အောင်တော့ မသုံးမိဖို့ အကြံပေးလိုပါတယ် .... ပြီးတော့ ဘက်ထရီ ကို အား ၁၀၀ ရာခိုင်နှုန်းထိ ဖြည့်ပြီးသွားပြီဆိုရင်လည်း ထပ်ပြီး တော့ မကြာပါစေနဲ့ တခါတည်းဖြုတ်လိုက်ပါ .... 

၉။ Screen Timeout ကို အကြာကြီး မထားပါနဲ့ ... 

ဒါကတော့ ဖုန်းကို ကိုယ် မသုံးတာနဲ့ တခါတည်း lock လုပ်တာပါ ... Screen ကို ပိတ်လိုက်တာပါ .... တကယ်လို့ lock မလုပ်ချင်ဘူးဆိုရင်လည်း သူ့ရဲ့ Screen Timeout ကို ခပ်နည်းနည်းသာပေးထားလိုက်ပါ ... ( နားလည်မယ်လို့ ယူဆပါတယ် :D )

၁၀။ ဖုန်းလိုင်း သိပ် မမိတဲ့ နေရာတွေ ကိုရှောင်ပါ ...

ဒါကတော့ရှင်းမယ်လို့ထင်ပါတယ် .. ဖုန်းလိုင်း သိပ်မမိတဲ့နေရာမှာ စကားပြောမယ်ဆိုရင် ဧရိယာတိုင် ကို ပြည့်ဖို့အတွက် ၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ဖို့အတွက် ဖုန်းက သူ့အလိုလို ဖုန်းလိုင်းကို ရှာရပါတယ် .. အဲ့တော့ မလိုအပ်ပဲ အားကုန် သွားတတ်ပါတယ် ...





အလင်းသစ်

Wednesday, August 22, 2018

August 22, 2018

Samsung ရဲ့ အသစ်ထွက်စွမ်းဆောင်ရည်မြင့် Galaxy Note9 ကို မြန်မာနိုင်ငံမှာ တရားဝင်မိတ်ဆက်ပြီ



Samsung Electronics Co., Ltd ရဲ့ အရည်အသွေးမြင့် Note စီးရီးစမတ်ဖုန်းတွေထဲမှာ အသစ်ထပ်မံထွက်ရှိလာတဲ့ Galaxy Note9 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ၊ ၁၉ ရက်နေ့က တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Note စီးရီးစမတ်ဖုန်းတွေဟာ Samsung ရဲ့တမူထူးခြားတဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေကို အစဉ်အမြဲ ထည့်သွင်းဖန်တီးလေ့ရှိတာကြောင့် သုံးစွဲသူတွေကြားမှာ လူကြိုက်များတဲ့ စမတ်ဖုန်းမော်ဒယ်စီးရီးတစ်ခုပါပဲ။

ယခုထပ်မံထွက်ရှိလာတဲ့ အရည်အသွေးမြင့် စမတ်ဖုန်းသစ် Galaxy Note9 မှာလည်း အရည်အသွေးမြင့် စွမ်းဆောင်ရည်၊ Samsung မှ ပထမဆုံးတီထွင်ဖန်တီးလိုက်တဲ့ S Pen နဲ့ အဆင့်မြင့်ကင်မရာတို့ကို ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။

“ကျွန်တော်တို့ Samsung ရဲ့ Note စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့် နည်းပညာ နဲ့ စမတ်ဖုန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို အစဉ်အမြဲ ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့ ဖုန်းစီးရီးတွေဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ Galaxy Note9 ကိုလည်း ခြွင်းချက်မရှိ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် Note အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျ အသုံးချနိုင်စေဖို့ အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်၊ လုပ်ဆောင်ချက်တွေနဲ့ Galaxy Note9 ကို ဒီဇိုင်းပြုလုပ်ဖန်တီးထားပါတယ်။” လို့ Samsung Myanmar ၏ Head of IT & Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားပါတယ်။


နေ့စဉ်လူနေမှုဘဝမှာ လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းဆောင်တာ အားလုံးနီးပါးဟာ စမတ်ဖုန်းတွေပေါ်မှာ မှီခိုလို့နေတာ အားလုံးအသိပါပဲ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းအားသွင်းဖို့ အနီးစပ်ဆုံးနေရာလိုက်လံရှာဖွေရခြင်း၊ လျှပ်တစ်ပြက်ဓာတ်ပုံတစ်ပုံထပ်မံရိုက်ဖို့ လိုအပ်တဲ့ Storage အတွက် အရင်ရိုက်ထားတဲ့ ဓာတ်ပုံအချို့ကို ဖျက်ပစ်ရခြင်း၊ လေယာဉ်ပေါ်မတက်ခင် လိုအပ်တဲ့ ဖိုင်ကို ဒေါင်းလုတ်လုပ်နိုင်ဖို့ စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းရခြင်း ဒါမှမဟုတ်ရင်လည်း ဂိမ်းဆော့တဲ့အချိန်မှာ ဖုန်းကလုပ်ဆောင်ပုံနှေးကွေးလေးလံနေတာကို သည်းခံရခြင်း စတဲ့ဒုက္ခတွေကိုကျော်လွှားနိုင်မယ့် စမတ်ဖုန်းတစ်လုံးကို အားလုံးပဲလိုအပ်နေကြမှာ အမှန်ပါပဲ။

သုံးစွဲသူတွေရဲ့ အဲဒီလိုလိုအပ်ချက်တွေကို အပြည့်အ၀ဖြည့်ဆည်းပေးနိုင်ဖို့ Galaxy Note9 မှာ အောက်ဖော်ပြပါ စွမ်းဆောင်ရည်တွေပါဝင်လာပါတယ်။

တစ်နေ့တာလုံးကြာရှည်ခံတဲ့ ဘက်ထရီ - Galaxy Note9 မှာ ဖုန်းပြောခြင်း၊ မက်ဆေ့ခ်ျပေးပို့ခြင်း၊ ဂိမ်းဆော့ခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်း စတာတွေကို တစ်နေ့တာလုံး လုပ်ဆောင်နိုင်မယ့်ကြာရှည်ခံ 4,000mAh ဘက်ထရီ ထည့်သွင်းပေးထား ပါတယ်။

ဖုန်းတွင်းဒေတာသိမ်းဆည်းမှု- Galaxy Note9 မှာဖုန်းတွင်းဒေတာသိမ်းဆည်းမှုအတွက် 128 GB ဒါမှမဟုတ် 512 GB ဆိုပြီးမှတ်ဥာဏ်ပမာဏ၂ မျိုး ရွေးချယ်နိုင်မှာပါ။ ဒါ့ပြင် 512GB microSD Card ထပ်မံထည့်သွင်းပြီး 1TB အထိ တိုးမြှင့်အသုံးပြုနိုင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ ဓာတ်ပုံ၊ ဗီဒီယို နှင့် အက်ပလီကေးရှင်း တွေကို အပူအပင်ကင်းကင်းနဲ့ ဖုန်းအတွင်းသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်မြင့် ဖုန်းအသုံးပြုမှု မြန်နှုန်း နဲ့ လုပ်ဆောင်ချက် -  Galaxy Note9 မှာ နောက်ဆုံးပေါ် 10nm processor နဲ့ တိုက်ရိုက်ကြည့်ရှုခြင်းအပါအဝင် LTE Cat.18 ရရှိပါက ဒေါင်းလုတ်ပြုလုပ်ရာမှာ ဈေးကွက်အတွင်း အမြန်ဆုံး ကွန်ယက်ချိတ်ဆက်မှုနှုန်းအဖြစ် တစ်စက္ကန့်အတွင်း 1.2 GB အထိ တုံ့နှေးရပ်တန့်သွားခြင်းမရှိ ပံ့ပိုးပေးနိုင်တဲ့စွမ်းဆောင်ရည်တွေ ပါဝင်လို့နေပါတယ်။ ဒါ့အပြင် Galaxy Note9 မှာစမတ်ဖုန်းနယ်ပယ်အတွင်း ထိပ်တန်းဖြစ်တဲ့ Samsung ကတီထွင်ထားတဲ့ Water Carbon Cooling လုပ်ဆောင်ချက်ပါရှိကာ algorithm အား ချိန်ညှိပြီး AI နည်းပညာ အခြေခံတဲ့ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်အောင်လည်းထည့်သွင်းပေးထားပါ သေးတယ်။

S Pen ဟာ Note စီးရီးစမတ်ဖုန်းတွေရဲ့ အဓိကထူးခြားတဲ့ကိုယ်ပိုင်အမှတ်အသားပါပဲ။ သုံးစွဲသူတွေအနေနဲ့ အများနဲ့မတူရုံသာမကပဲ စမတ်ဖုန်းတစ်လုံးထက်ကျော်လွန်ပြီး တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးစွမ်းဆောင်နိုင်ဖို့ Samsung ကတိုးချဲ့ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။ စာရေးခြင်းနဲ့ ပုံဆွဲခြင်းအတွက်သာ ဖန်တီးခဲ့တဲ့ ကိရိယာသည် ယခုအခါ သုံးစွဲသူတွေလက်ထဲမှာ လုပ်ဆောင်ချက်အမြောက်အမြားကို ထိန်းချုပ်ပေးတဲ့ စွမ်းဆောင်ရည်တွေပါဝင်လို့နေပြီဖြစ်ပါတယ်။

ယခုအခါ Bluetooth Low-Energy (BLE) နည်းပညာထောက်ပံ့မှုနဲ့အတူ အသစ်ထွက်ရှိလာတဲ့  S Pen ဟာ Note ကို တမူထူးခြားစွာ အသုံးပြုနိုင်မယ့် နည်းလမ်းသစ်များစွာ ဆောင်ကြဉ်းပေးတော့မှာဖြစ်ပါတယ်။ Selfie ရိုက်ကူးမှု၊ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးမှု၊အလုပ်နဲ့ပတ်သက်ပြီး Slideshow တွေပြသခြင်း၊ ဗီဒီယိုတွေကို အလွယ်တကူ ရပ်နိုင်၊ ဖွင့်နိုင်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကို S Pen ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယခုနှစ်အတွင်း application ထုတ်လုပ်သူတွေအနေနဲ့လည်း S Pen မှာအသစ်ထည့်သွင်းထားတဲ့ အဆင့်မြင့် BLE ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။

Professional ဓာတ်ပုံဆရာတွေရိုက်ထားသလို ဓာတ်ပုံကောင်းတစ်ပုံကို ဖုန်းနှင့်ရိုက်ယူနိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ ယူဆချက်ကို ပယ်ဖျက်ပေးနိုင်မယ့် စွမ်းဆောင်ရည်အသစ်တွေနဲ့ ထိပ်တန်းကင်မရာနည်းပညာလည်း Galaxy Note 9 မှာပါဝင်နေပြီး ပြိုင်ဘက်ကင်းဓာတ်ပုံတစ်ပုံ ရရှိနိုင်စေဖို့ စွမ်းဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက Samsung ချစ်သူတွေအနေနဲ့ Galaxy Note 9 ကို သြဂုတ်လ ၁၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ပစ္စည်းလက်ကျန်ရှိသည်အထိ မှာယူနိုင်မှာပါ။ ကြိုတင်မှာယူလိုသူတွေအနေနဲ့ နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးတွေ နဲ့ ရန်ကုန်မြို့နှင့်မန္တလေးမြို့အပါအဝင် အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင်ကြီးတွေမှာ စရန်ငွေ ၅၀၀၀၀ ကျပ် ပေးသွင်းကာ မှာယူနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုကြိုတင်မှာယူထားသူတွေဟာ သြဂုတ်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အတွင်းမှာ ကိုယ်ကြိုတင်မှာယူခဲ့တဲ့ ဆိုင်မှာ သွားရောက်ထုတ်ယူနိုင်မှာဖြစ်ကာ အထူးအခွင့်အရေးအနေနဲ့ Galaxy Note9 (128 GB Version)  ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ်တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်သည့် Samsung Original Wireless Charger Duo ကိုလည်းကောင်း လက်ဆောင်အဖြစ် ရရှိမှာပါ။

ဒါ့အပြင် Samsung Myanmar ကနေပြီး ကြိုတင်မှာယူသူ Samsung ချစ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အထူးအစီအစဉ်အနေနဲ့ လက်ဆောင်ပစ္စည်းတွေအပြင် ဆုကြီးများစွာ ပါဝင်တဲ့ အထူးကံစမ်းမဲအစီအစဉ်ကိုလည်း စီစဉ်ထားပါသေးတယ်။ အဆိုပါအစီအစဉ်ကနေ ကံထူးနိုင်မယ့် ဆုလက်ဆောင်ပစ္စည်းတွေအနေနဲ့ အထူးဆုကြီးအဖြစ် Star City သန်လျင်မှ အိပ်ခန်းနှစ်ခန်းပါဝင်သော အဆင့်မြင့်တိုက်ခန်းတစ်ခန်း၊ ပထမဆုအဖြစ် ၂၀၁၇ မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအနေဖြင့် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ အစရှိသည့် ဆုမဲပေါင်း ၄၃၂ ဆုအထိပါဝင်မှာပါ။

Galaxy Note9 ဝယ်ယူတွေအနေနဲ့ အထူးခံစားခွင့်တွေပါဝင်တဲ့ Samsung Premium Care ဝန်ဆောင်မှုကိုလည်း ခံစားခွင့်ရရှိဦးမှာပဲဖြစ်ပါတယ်။

Galaxy Note9 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar က mytel Myanmar နှင့် ပူးပေါင်းပြီး Galaxy Note9 ဖုန်းဝယ်ယူသူတွေအတွက် လစဉ် ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ ကျပ် ဖြည့်သွင်းရုံနဲ့ အင်တာနက်လက်ဆောင် 4GB နဲ့ mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ် ၂၀၀ အား ခြောက်လဆက်တိုက်ရရှိမယ့်အခွင့်အရေးလည်း ရှိနေပါသေးတယ်။

Samsung Galaxy Note9 ကိုအရစ်ကျဝယ်ယူချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်တို့နဲ့ ချိတ်ဆက်ကာဝယ်ယူနိုင်ဦးမှာပါ။ အရစ်ကျဝယ်ယူလိုကြသူတွေအနေနဲ့ အဆိုပါဘဏ်တွေရဲ့ အနီးစပ်ဆုံး ဘဏ်ခွဲတွေကိုသွားရောက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းကာ ကြေညာထားတဲ့ သတ်မှတ်ချက်များအတိုင်း ၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Galaxy Note9 ကို သြဂုတ်လ ၂၈ ရက်၊ ၂၀၁၈ မှ စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အမည်းရောင်၊ အပြာရောင်နှင့် ကြေးနီရောင်ဆိုတဲ့ အရောင်သုံးရောင်နှင့်အတူ မတူညီသည့် သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ်မျိုးဖြစ်တဲ့ 128 GB  ကိုဈေးနှုန်း ၁,၃၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 512 GB (အရေအတွက်ကန့်သတ်ထား) ကို ဈေးနှုန်း ၁,၇၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။


Ref : http://www.phothutaw.com/2018/08/samsung-galaxy-note9.html

မန်ဘာဝင်ထားခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း ဖတ်ရှုရပါမည်။