ပရီးမီးယားလိဂ် ရာသီအစပိုင်းဟာ ခက်ခဲမယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက ပြောကြားလိုက်ပါတယ်။
နည်းပြဆာရီအနေနဲ့ အသင်းက ကစားသမားတွေအကြောင်းကို သိရှိဖို့ အချိန်လုံလုံလောက်လောက် မရရှိခဲ့တာကြောင့် ရာသီအစဟာ ခက်ခဲမယ်လို့ ပြောကြားခဲ့တာပါ။
အခုရာသီအစပိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ကစားတဲ့ ကစားသမားတွေရှိသလို ရာသီအကြိုခြေစမ်းပွဲတွေက ကစားသမားတွေနဲ့ နားလည်မှုရရှိဖို့ အချိန်မလုံလောက်ခဲ့ဘူးလို့ ပြောပါတယ်။
၁၀ ရက်နီးပါးပဲ ရရှိတဲ့အချိန်နဲ့ ကစားသမားတွေနဲ့ နားလည်မှုရရှိဖို့ ခက်ခဲခဲ့ပေမယ့် လက်ရှိမှာ အကောင်းဆုံးအသင်းတသင်းအဖြစ် ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်လည်း လန်ဒန်မြို့ခံအသင်းဟာ အဖွင့်ပွဲမှာ ဟက်ဒါဖီးလ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ဒုတိယပွဲစဉ်မှာတော့ မြို့ခံပြိုင်ဘက် အာဆင်နယ်နဲ့ ဒါဘီပွဲစဉ်ကစားရဖို့ ရှိနေပါတယ်။
No comments:
Post a Comment